Hermès RSS
Hermès Constance အိတ်တွေကို အတုအစစ် ဘယ်လိုခွဲမလဲ
Knowledge sharing post လေးတွေ ပြန်တင်ဖို့ စဉ်းစားရင်းနဲ့ Hermès Constance အိတ်တွေကို အလွယ်တကူ အတု အစစ် ဘယ်လိုခွဲမလဲဆိုတာ ပြောပြဖို့ သတိရသွားတယ်.. သေချာ အနီးကပ် stitching, logo, stamp detail အားလုံး ကြည့်ရတာ မှန်ပေမယ့် Fun fact အနေနဲ့က အိတ် ဘေးတိုက်က အကန့်ကို ကြည့်ပြီး ခွဲလို့ရပါတယ်ရှင့် 🤭🤭အောက်ကပုံအားလုံးက အိတ်အစစ်တွေဖြစ်ပြီး leather/ color/ size ဘယ်လိုကွာကွာ အတွင်းအံ ၂ ခုမှာ ခြားထားတဲ့ လိုင်းက အမြဲ နောက်ကို ယိုင်နေပါတယ်ရှင့်.. တခြား brand အိတ်တွေလို ဘယ်တော့မှ ညီညီညာညာ ခြားမနေပါဘူး.. ဘယ်သူလဲ မပြောချင်ပေမယ့် တချို့ IG/Fb cele တွေကိုင်နေတဲ့ အိတ်တွေက အတုတွေ up to 80% ပါပါတယ် 🥲🥹ကြည့်ပါများရင် structure/ လက်ကိုင်ကို ကြည့်ပြီး အတု အစစ်ခွဲလို့ရပါတယ် အဲ့ဒါကြောင့် သိချင်ရင် IG က The Fake Birkin Slayer ဆိုတဲ့ account ကို follow ထားပါနော်! နာမည်ကြီး cele တွေ အတု ဘယ်လိုကိုင်လဲ ဆိုတာ သူ အမြဲ တင်ပါတယ် 🤭လူလူချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ
Hermès is in the game of WOC !!!!
Brace yourself,girls‼️‼️Wallet On Chain (WOC) လို့ခေါ်ကြတဲ့အိတ်လေးတွေကို မိန်းကလေးတိုင်း ပိုင်ဆိုင်ကြပါတယ်.. ပုံမှန် ခေါက်ပိုက်ဆံအိတ်ထက် နည်းနည်းကြီးပြီး Clutch လိုမျိုးကိုင်လို့ရတဲ့အပြင် crossbody လုပ်ပြီး Party/Event/ ထသွားထလာတွေမှာ သုံးလို့ရတဲ့ အိတ်တွေကို စျေးအမျိုးစုံနဲ့ Brand မျိုးစုံကထုတ်ပါတယ်.. အခုတော့ The World Most Expensive bag တွေချည်း ထုတ်တဲ့ Hermès ကလည်း WOC game ထဲဝင်လာပါပြီနော်.. သူကတော့ထူးထူးခြားခြား Wallet To Go လို့နာမည်ပေးထားပါတယ်..Kelly Wallet to Go & Constance Wallet to Go ဆိုပြီး ၂ မျိုး စထုတ်မယ်လို့ Hermès SA တွေဆီကနေ သတင်းရထားတာပါ.. Kelly လေးကတော့ စျေးကို €4350 ကနေစမယ်လို့သိရပါတယ်.. Hermès ထဲမှာတော့ ဒီစျေးက အလွန့်ကို တန်နေတာပါနော်Constance WTG လေးကတော့ စျေးပိုများမယ်လို့ ကြားတယ်.. $6000 ဝန်းကျင်လောက်နဲ့ စမယ်ဆိုတော့ Constance အိတ်တွေထက် စျေးတော့ အများကြီးသက်သာတာ အမှန်ပဲ.. လောလောဆယ်တော့ Kelly Wallet to Go လေးကိုပဲပိုကြိုက်တယ်...#EatPrayLoveTravelShop
Cheapest Hermès (only £16)
ဘာရေးပေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ သီရိရဲ့ everyday life မှာ မရှိမဖြစ် အသုံးဝင်တဲ့ Hermès soap cologne လေးတွေကို ရေးပေးဖို့ သတိရသွားတယ်Hermès ထဲမှာ စျေးအသက်သာဆုံး ပစ္စည်းကို ပြောပါဆိုရင်တော့ ဒီ luxury ရေမွှေးဆပ်ပြာခဲလေးကိုပဲ ညွှန်းပါရစေ.. ပုံမှန် LUSH က product တွေတောင် ဒီထက်စျေးများနေတာ ဆိုတော့ quality ရော ရတဲ့ luxury feeling ချင်းရော လုံးဝ မတူတဲ့ Hermès ပဲရွေးစေချင်ပါတယ်နော်.. It’s not an ordinary soap လို့အရင် ကြွားချင်ပါတယ် 😅 £16 ပေးရတာဘာလို့တန်လဲဆိုတဲ့ reason ၅ ခု ပေးပါ့မယ်နော်1. Because it’s Hermès ! Hermès ဝါသနာအိုးတိုင်းသိပါတယ်.. ဘာပဲပါပါ လိမ္မော်ရောင် ဘူးက ဘယ်လောက် ဆွဲဆောင်မှုရှိလည်း ဆိုတာ 🍊🍊2. ဆပ်ပြာခဲ ဝယ်ပေမယ့် packaging က art ပါ (scarf တွေထုတ်ဖို့ တကယ့် artist တွေ ဆွဲပေးထားတဲ့ ပန်းချီကားပုံ packaging နဲ့လာပါတယ် 🎁 3. မသုံးသေးဘဲ ဘူးနဲ့ သိမ်းထားရင်ကို အခန်းထဲမှာ အနံ့ တော်တော်မွှေးလို့ air freshener သုံးစရာမလိုတော့ဘူး4. သုံးဖို့ ဖောက်ထားပြီး / သုံးလက်စဆိုလည်း အတုံး သေးသေးလေးကျန်တဲ့ အထိ အနံ့စွဲတယ်5....