Hermès Constance အိတ်တွေကို အတုအစစ် ဘယ်လိုခွဲမလဲ

Hermès -

Hermès Constance အိတ်တွေကို အတုအစစ် ဘယ်လိုခွဲမလဲ

Knowledge sharing post လေးတွေ ပြန်တင်ဖို့ စဉ်းစားရင်းနဲ့ Hermès Constance အိတ်တွေကို အလွယ်တကူ အတု အစစ် ဘယ်လိုခွဲမလဲဆိုတာ ပြောပြဖို့ သတိရသွားတယ်..
သေချာ အနီးကပ် stitching, logo, stamp detail အားလုံး ကြည့်ရတာ မှန်ပေမယ့် Fun fact အနေနဲ့က အိတ် ဘေးတိုက်က အကန့်ကို ကြည့်ပြီး ခွဲလို့ရပါတယ်ရှင့် 🤭🤭
အောက်ကပုံအားလုံးက အိတ်အစစ်တွေဖြစ်ပြီး leather/ color/ size ဘယ်လိုကွာကွာ အတွင်းအံ ၂ ခုမှာ ခြားထားတဲ့ လိုင်းက အမြဲ နောက်ကို ယိုင်နေပါတယ်ရှင့်.. တခြား brand အိတ်တွေလို ဘယ်တော့မှ ညီညီညာညာ ခြားမနေပါဘူး..

ဘယ်သူလဲ မပြောချင်ပေမယ့် တချို့ IG/Fb cele တွေကိုင်နေတဲ့ အိတ်တွေက အတုတွေ up to 80% ပါပါတယ် 🥲🥹
ကြည့်ပါများရင် structure/ လက်ကိုင်ကို ကြည့်ပြီး အတု အစစ်ခွဲလို့ရပါတယ်
အဲ့ဒါကြောင့် သိချင်ရင် IG က The Fake Birkin Slayer ဆိုတဲ့ account ကို follow ထားပါနော်! နာမည်ကြီး cele တွေ အတု ဘယ်လိုကိုင်လဲ ဆိုတာ သူ အမြဲ တင်ပါတယ် 🤭
လူလူချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ