News RSS

Tight shoes -

ဒီနေ့ blog ကတော့ မိန်းကလေးတွေ ဖြစ်လေ့ရှိတဲဲ့ ဖိနပ်ကျပ်နေတဲ့ ပြဿနာကို ဖြေရှင်းနည်းလေး သီရိတွေ့ထားလို့ Demo လေးပြပေးမယ်နော်ကိုယ်တွေ ထုံးစံအတိုင်း sale အကြီးအကျယ်ချပြီဟေ့ဆိုရင် ကိုယ့် size ထက် နည်းနည်းသေးလည်း ဝယ်တယ်.. size ကြီးရင် foam pad လေးတွေ ကပ်လို့ရပေမယ့် သေးနေတာကျ ခြေထောက် အရမ်းနာတော့ youtube မှာ လိုက်ရှာရင်း ဒါလေးက review အရမ်းကောင်းတာနဲ့ သူများကို မရောင်းခင် ကိုယ် အရင်ဝယ် သုံးကြည့်တာ.. ကိုယ့် size ပေမယ့် Patent Leather မို့ Ferragamo Vara ballet pump က သီရိ ခြေထောက်နဲ့ နည်းနည်း ကျပ်တယ်.. အထူးသဖြင့် left foot ပိုကြီးတဲ့ သူမို့(အဲ့ဒါကြောင့် patent ဝယ်တဲ့ client တိုင်းကို သီရိ အမြဲ half size ကြီးပြီး ဝယ်ပေးတာ.. brand တိုင်း အဆင်ပြေတယ်)အခုလည်း ၁ ပတ်လုံး stretcher ထည့်ပြီးနောက် ရလဒ်က ဖိနပ်စီးရတာ အရမ်းကို အဆင်ပြေသွားလို့ အသေးစိတ် Vlog လေးတင် ထားတဲ့ link လေးထည့် ပေးလိုက်တယ်နော် https://www.facebook.com/511950442652136/posts/987367075110468/

Read more

Hermès, soap -

ဘာရေးပေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ သီရိရဲ့ everyday life မှာ မရှိမဖြစ် အသုံးဝင်တဲ့ Hermès soap cologne လေးတွေကို ရေးပေးဖို့ သတိရသွားတယ်Hermès ထဲမှာ စျေးအသက်သာဆုံး ပစ္စည်းကို ပြောပါဆိုရင်တော့ ဒီ luxury ရေမွှေးဆပ်ပြာခဲလေးကိုပဲ ညွှန်းပါရစေ.. ပုံမှန် LUSH က product တွေတောင် ဒီထက်စျေးများနေတာ ဆိုတော့ quality ရော ရတဲ့ luxury feeling ချင်းရော လုံးဝ မတူတဲ့ Hermès ပဲရွေးစေချင်ပါတယ်နော်.. It’s not an ordinary soap လို့အရင် ကြွားချင်ပါတယ် 😅 £16 ပေးရတာဘာလို့တန်လဲဆိုတဲ့ reason ၅ ခု ပေးပါ့မယ်နော်1. Because it’s Hermès ! Hermès ဝါသနာအိုးတိုင်းသိပါတယ်.. ဘာပဲပါပါ လိမ္မော်ရောင် ဘူးက ဘယ်လောက် ဆွဲဆောင်မှုရှိလည်း ဆိုတာ 🍊🍊2. ဆပ်ပြာခဲ ဝယ်ပေမယ့် packaging က art ပါ (scarf တွေထုတ်ဖို့ တကယ့် artist တွေ ဆွဲပေးထားတဲ့ ပန်းချီကားပုံ packaging နဲ့လာပါတယ် 🎁 3. မသုံးသေးဘဲ ဘူးနဲ့ သိမ်းထားရင်ကို အခန်းထဲမှာ အနံ့ တော်တော်မွှေးလို့ air freshener သုံးစရာမလိုတော့ဘူး4. သုံးဖို့ ဖောက်ထားပြီး / သုံးလက်စဆိုလည်း အတုံး သေးသေးလေးကျန်တဲ့ အထိ အနံ့စွဲတယ်5....

Read more