အိတ်တွေဖိနပ် တွေကို ဘာနဲ့ ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ

bag cleanser, bag spa, Leather care, shoes cleanser, shoes spa -

အိတ်တွေဖိနပ် တွေကို ဘာနဲ့ ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ

Blog မရေးတာလည်း ကြာပြီဆိုတော့ ဒီနေ့တော့ client တွေအရမ်းအမေးများတဲ့, အိတ်/ဖိနပ်ဝယ်တဲ့ သူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့မေးခွန်းတွေကို ဖြေပေးပါ့မယ်နော်

Q 1: “သီရိရေ အိတ်တွေဖိနပ် တွေကို ဘာနဲ့ ဘယ်လို သန့်ရှင်းရေးလုပ်လဲ ?
Answer :
Step 1 အနေနဲ့ အိတ်/ဖိနပ်ကို ဖုန်သုတ်မယ်..ပြီးရင် ပိုးသတ်ပေးတဲ့ Antibacterial cleanser ကို spray ဖြန်းပြီး အဝတ်သန့်လေးနဲ့ ပုံမှန် pressure လေးပေးပြီး ပွတ်မယ်.. အခြောက်ခံရပါမယ်.. Antibacterial cleanser က fabric, leather, canvas အကုန်လုံးမှာ သုံးလို့ရပါတယ်နော်
P.s. အသားနုတဲ့ lambskin အတွက်ဆို Antibacterial cleanser အစား Gentle foam cleanser လေးကို သုံးချင်လည်း ရပါတယ်

Step 2 အနေနဲ့က အိတ်ကို တောက်တောက်ပပလေးလှနေစေမယ့် Nourishing Conditioner ဖြစ်စေ Wonder Balm လေးဖြစ်စေ သုံးပြီး အိတ်ကို ပွတ်ပေးမယ်.. အခြောက်ခံရပါမယ်နော်

Nourishing Conditioner ကို အိတ်အသစ်တွေမှာ သုံးရင် UV ကာကွယ်ပြီးသားဖြစ်လို့ အလွယ်တကူ ဟောင်းနွမ်းတာ မဖြစ်တော့ဘူးပေါ့
Wonder Balm ကတော့ အိတ်အဟောင်းတွေ အတွက် ပိုသင့်တော်ပါတယ်

သတိထားရမှာလေး တခုက suede or nubuck တွေဆိုရင်တော့ Conditioner ရော Wonder Balm ရောသုံးဖို့ မသင့်တော်ပါဘူးနော်

Step 3 ကတော့ Water/stain repellent spray လေးသုံးပါလို့ အကြံပေးချင်ပါတယ်.. မိုးရေစိုမှာ အစွန်းအထင်းဖြစ်ပြီး အလှပျက်သွားမှာ ကို မပူရတော့ဘူးပေါ့.. fabric/leather/ canvas အစုံမှာ သုံးလို့ရပါတယ်နော်

Q 2: “အိတ်တွေက ကြာတော့ leather တွေ အရောင်မှိန်ကုန်တာကို ဘယ်လို ပြန်လှအောင်လုပ်ရမလဲ?
Answer :
သီရိ ခုနက ပြောခဲ့တဲ့ထဲက Step 1 : Antibacterial cleanser ရယ် Step 2 မှာက Wonder Balm ရယ် အဓိက လိုပါမယ်
မှိုနံ့ အရမ်းစွဲနေရင်တော့ deodorizer လေးလိုပါမယ် (အထူးသဖြင့် ဖိနပ်တွေပေါ့)

Q 3: “အိတ်မှာ မှင်တွေ စွန်းသွားလို့ / jeans ဘောင်းဘီကနေ color transfer သွားလို့ ဘယ်ကို ပို့ပြီး ဖျက်ခိုင်းရမလဲ လုပ်ပါဦး”
Answer :
Step 1 Antibacterial cleanser နဲ့ ဖျက်လို့မရတဲ့ အစွန်းအထင်းတွေ အတွက်ဆို Power Foam Cleanser က အဆင်ပြေပါလိမ့်မယ်
ဆေးရည် foam လေးကို အဝတ်သန့်ပေါ်တင်ပြီး အစွန်းထင်နေတဲ့ အပေါ် စက်ဝိုင်းပုံ လှည့်ပြီး ပွတ်ပေးပါ.. လိုသလောက် foam ကို ထပ်ထည့်လို့ရပါတယ်.. အစွန်းတွေ ပျက်သွားပြီဆိုရင် Step 3 ခုလုံး(Cleanser, Conditioner, Water/Stain repellent) ပြန်သုံးပြီး နောက်တခါ မစွန်းထင်းအောင် ကာကွယ်ပါနော်

Q 4: “အိတ်/ဖိနပ်တွေ မှာ ခြစ်ရာ/ ပွန်းရာ ဖြစ်သွားလို့ ဘယ်လိုလုပ်ရမလဲ?”
Answer : Step 1 antibacterial cleanser သုံးပါ.. ပြီးရင် Black Color Leather Restoring Pen လေးနဲ့ ပွန်းနေတဲ့ အိတ်ထောင့်တွေ ဖိနပ် အောက်ခြေထောင့်တွေကို လက်သည်းနီဆိုးသလိုမျိုးအသာယာလေး တို့လိုက်ပါ.. အခြောက်ခံပြီးလိုအပ်သလို ၂-၃ လွှာ ဆိုးလို့ရပါတယ်နော်.. လုံးဝခြောက်သွားပြီဆိုရင် Water repellent လေးသုံးပေးလိုက်ရုံနဲ့ color ပြန် set လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်
ထုံးစံအတိုင်းပဲ suede or nubuck leather တွေမှာ ဒီ pen ကိုသုံးလို့ အဆင်မပြေပါဘူး

Q 5: “သန့်ရှင်းရေးလုပ်ဖို့ ဘာအဝတ်သုံးရမလဲ? Tissue နဲ့ရော မရဘူးလား?”
Answer: Chemical တွေပါတဲ့ Tissue နဲ့ မပွတ်သင့်ဘူးလို့ ဖြေပါရစေ.. cotton အဝတ်အနုလေးရှိရင်ရှိ, မရှိရင် silk handkerchief လေးတွေ သုံးလို့ရပါတယ်.. HandbagHaven ကထုတ်တဲ့ cleansing & conditioning cloth လေးတွေလည်း ဝယ်လို့ရပါတယ်
သတိထားရမှာလေး တခုက step 1 cleanser သုံးပြီးသား အဝတ်ကို step 2 / step 3 ဆေးရည်တွေနဲ့ ထပ်သုံးဖို့မသင့်တော်ပါဘူးနော်.. သီးသန့်လေး ခွဲပြီး သုံးစေချင်ပါတယ်

ဒီလောက်ဆိုရင် တော်တော်များများကြုံနေရတဲ့ အခက်အခဲတွေ အဆင်ပြေသွားမယ်လို့ထင်ပါတယ်.. Spa အပ်ရင် ပိုက်ဆံအများကြီး ကုန်တာဆိုတော့ အခု ဒါလေးတွေနဲ့ ဆို အိတ်ကို ကာကွယ်ပြီးသားဖြစ်သွားတာပေါ့နော့်..
သိချင်တာကိုလည်း သီရိကို အချိန်မရွေးလာမေးလို့ရပါတယ်.. လိုအပ်မယ့်ပစ္စည်းလေးတွေကို သေချာလေးရွေးပြီး ဝယ်ပေးပါ့မယ်ရှင့်.. Video အတိုလေးတွေလည်း သီရိ personal account ရဲ့ story တွေမှာ တင်ပေးထားပါတယ်နော်.. အခြားသိချင်တာကိုလည်း @thehandbaghaven Instagram မှာသွားကြည့်လို့ရပါတယ်..
Youtube ရော IG မှာပါ review အရမ်းကောင်းပြီးသားမို့ စိတ်ချ လက်ချသုံးလို့ရပါတယ်နော် 💕
Edit : company က နာမည်အသစ်နဲ့ new product packaging တွေ ထုတ်နေပါပြီရှင့်
Havre De Luxe ဆိုပြီး ရှာလို့ရပါတယ်နော် ☺️